Welcome To Our Company

Home Galaxy Interior Mall ကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ နိုင်ငံတကာ အဆင့်မှီ ကိုးရီးယား UPVC Window & Door ထုတ်လုပ်သော စက်ရုံ နှင့် Korea ABS Door ၊ Steel Door ၊ Vinyl Tile ၊ Carpet Tile၊ ကြွေပြား ကျောက်ပြား နှင့် သဘာဝကျောက် အမျိုးမျိုး ၊ နံရပ်ကပ် Wallpaper ၊ Modern & Classic Furniture၊ Office Furniture စသည့် အရည်အသွေးမြင့် အိမ်တွင်းအလှဆင် ပစ္စည်းအမျိုးမျိုးတို့ ကို ဖြန့် ချီရောင်းချပေးသော Company ဖြစ်ပါသည်။
အရည်အသွေးမြင့် UPVC Window & Door ကုန်ကြမ်းများကို Korea နိုင်ငံမှ တင်သွင်း၍ တစ်နေ့ လျှင် စတုရန်းပေ တစ်သောင်း အထိ ထုတ်လုပ်နိုင်သော နိုင်ငံတကာ အဆင့်မှီ စက်ကြီးများဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ Customer များစိတ်တိုင်းကျ အရည်အသွေး အာမခံပြီး ကျွမ်းကျင်ပညာရှင်များဖြင့် ထုတ်လုပ်တပ်ဆင်လျက်ရှိပါသည်။
Korea နိုင်ငံမှ တင်သွင်းသော ABS Door ၊ Steel Door ၊Vinyl Tile၊ Carpet Tile ၊Wallpaper နှင့် China , Hong Kong နိုင်ငံမှ တင်သွင်းသော ကြွေပြား ကျောက်ပြား နှင့် သဘာဝကျောက်အမျိုးမျိုး ၊ အဆင့်အတန်းမြင့် Furniture  အမျိုးမျိုးတို့ မှာ ISO 9001၊ ISO 14001 နှင့် နိုင်ငံတကာ အသိအမှတ်ပြု အရည်အသွေး ထောက်ခံချက် လက်မှတ်ရ ပထမတန်းစား အရည်းအသွေးမြင့် ပစ္စည်းများကိုသာ တင်သွင်း ရောင်းချ ပေးသောကြောင့် မိမိတို့  နေအိမ်၊ အဆောက်အဦး ၊ ရုံး ၊ ဟိုတယ် ၊ Project အမျိုးမျိုး တို့ အတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
စက်ရုံတည်ရှိရာနေရာမှာ အမှတ် ( ၃၅ ) ၊ ပုဂံညောင်ဦးကျောင်းတိုက်လမ်း ၊  ကျန်စစ်သားစက်မှုဇုံ ၊ အရှေ့ပိုင်းခရိုင် ၊ ရန်ကုန်တိုင်းဒေသကြီး တွင်တည်ရှိပါသည်။ အရောင်းပြခန်းများမှာ အရောင်းပြခန်း (၁) – တိုက်အမှတ် ( ၇ ) ၊ Junction Square Shopping Center ၊ ပြည်လမ်း ရန်ကုန်မြို့နှင့် အရောင်းပြခန်း (၂ )- အမှတ် (၁၅ ) ၊ ပြည်လမ်း နှင့် ၀ဇ္ဇ္ဇာညီနောင်လမ်းထောင့် ၊ ( ၉ ) မိုင်၊ ရန်ကုန်မြို့ တွင်ဖွင့်လှစ်ထားပါသည်။
ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ အကောင်းဆုံး အရည်အသွေး နှင့် အကောင်းဆုံး ၀န်ဆောင်မှုများကို သုံးစွဲသူများအား အကောင်းဆုံးပေးနိုင်ရန် Home Galaxy Interior Mall မှ ဆထက်တပိုး အစဉ်အမြဲ ကြိုးစား အားထုတ်လျက်ရှိပါသည်။

Our Show Rooms